မိုးပြာနဲ့ ခင်လေးကလဲ ဟားတိုက်ပြီး ရယ်တော့ အေးမလဲ ရယ်မိတယ်။ အခုတော့
နောက်ပိုင်းဆို မိုးပြာက သူ့ရင်ကို လက်နဲ့ဖိပြီး ။
"ကျွန်တော် ရင်တွေ ခုန်လိုက်တာဗျာ" ဆိုတဲ့ ဟန်ကိုလုပ်ပြနေတတ်တယ်။
ဒီတုန်းက သူတို့နဲ့ အတူရောရယ်နိုင်တာကို အံသြလို့ မဆုံးဘူး။
"ငါက မပြောပဲ ထားလေ သူက မေးလေ၊ ရင်တွေ ခုန်လှပြီဗျာ တဲ့၊ တကယ်ဟားရတဲ့လူပဲ၊
ငါရယ်လဲ ရယ်ချင် စိတ်ကလဲပျက်တာပဲဟာ၊ ခင်ဗျား သိမှာပါ၊ ဘယ်သူရှိလဲ စဉ်းစားပေါ့
ဆိုတော့ မသိဘူးဗျ၊ အများကြီးတဲ့"
"အောင်မယ်... ကောင်စုတ်လေး"
မိုးပြာက မခံမရပ်နိုင် ဝင်ဆဲလိုက်သေးတယ်။ အေးမကတော့ ပြုံးရုံပဲ
ပြုံးနေလိုက်မိပါတယ်။ ရင်ထဲမှာတော့ ကျင်နေတာပဲ။