
ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း သည် လူနာများ အဖြစ် အများဆုံးနှင့် ဆရာဝန်ထံ လာရောက် ပြသသည့် အများ ဆုံး ရောဂါ လက္ခဏာဖြစ်သည်။ ပုံစံစုံ၊ ဝမ်းဗိုက်နေရာအနှံ့ နာလေ့ရှိ သည်။ မျှဉ်းမျှဉ်း နာသကဲ့သို့ ပြင်း ပြင်းလည်း နာတတ်သည်...။ အများစု မှာ သာမန်နာ၊ ခဏနာလေ့ရှိသော် လည်း တစ်ခါတစ်ရံ ဆိုးဆိုးရွားရွား၊ အချိန်ကြာကြာ နာတတ်သည်။ ထို အခါ လူနာများက စိုးရိမ်ပူပန်လာကြ သည်။ ဘာကြောင့် နာသနည်းဟု သိလိုကြသည်။