ယောက်ျားလေးတစ်ယောက်ကို တကယ်ချစ်ရင်...78 ချက်ထဲက ဘယ်နှစ်ချက် လုပ်နိုင်သလဲ






၁။ email / facebook password ကို သူ မပေးရင် မတောင်းပါနဲ့...
၂။ သူ့ကို ယုံကြည်ပါ....
၃။ သူ့ကို အကျပ်မရိုက်ပါစေနဲ့...
၎။ သူ့ကို စဉ်းစားခွင့်ပေးပါ....
၅။ သူ့ကို နားလည်ပေးပါ...
၆။ သူ့ကို စာနာပေးပါ....

*စကား ၃၈ ခွန်း *******





၁။ မေတ္တာဆိုတာ အဟောင်းအသစ်အားလုံးကို မြတ်နိုးတာပါပဲ
၂။ အနိုင်အရူံးဆိုတာ ပွဲအစမှာ ဖြစ်တာမဟုတ်ဘူး။ အဆုံးသတ်ကိုကြည့်တာ
၃။ ရတာကို မလိုချင်ရင် လိုချင်တာကို ရအောင် ကြိုးစားပါ
 ၄။ အလှအပကြောင့် ဘ၀ပျက်သလို မာနကြောင့်လည်း ဒုက္ခရောက်တတ်တယ်နော်
၅။ မိမိအကျိုးအတွက် သူတစ်ပါးအား အသုံးချ၍ရသော အောင်မြင်မူသည် ရေရှညည်တည်တဲ့မည် မဟုတ်

စတော့ဈေးကွက် သိမှတ်ဖွယ်ရာ





တိုးတက်တဲ့နိုင်ငံတွေမှာ စတော့ဈေးကွက် (Stock Market) ဖြစ်ထွန်းပေါ်ပေါက် လာကြရစမြဲ ဖြစ်တယ်။  နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးအရ ဒီမိုကရေစီစနစ်နဲ့ စီးပွားရေးအရ အစိုးရရဲ့ပါဝင်စွက်ဖက်မှု ကင်းရှင်းပြီး လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး စနစ်တကျ ပေါင်းစပ် ရုပ်လုံး ဖော်ဆောင်မှုတွေကနေ စတော့ ဈေးကွက်တွေ ပေါ်ပေါက်လာကြရတာ ဖြစ်တယ်။ စာရေးသူတို့ နိုင်ငံမှာ နှစ်ပေါင်းများစွာ နိုင်ငံသားတွေ မျှော်လင့်စောင့်စားနေခဲ့ကြရတဲ့ ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ထွန်းလာခဲ့ပြီဖြစ်ပြီး အစိုးရ ကိုယ်တိုင်ကလည်း ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ဖြစ်လာအောင် လုပ်ဆောင်မယ်ဆိုတာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် မြွတ်ဟပြောကြားခဲ့ပြီး ဖြစ်တယ်။

သင် အလွယ်တကူ အရှုံးပေးတတ်သလား ?





သင်ဟာ အလွယ်တကူ အရှုံးပေးတတ်ပါသလား။ ရှုံးနိမ့်မှုတွေ၊ အတားအဆီးတွေက သင့်အခန်းတံခါးကို လာခေါက်တဲ့အခါ သင်ဟာ ချက်ချင်းပဲ အရှုံးပေးလေ့ရှိသလား။ အရင်ကရော အဲဒီလို ဖြစ်ခဲ့ဖူးသလား။ ဖြစ်ခဲ့ဖူးမယ်ဆိုတာ သေချာပါတယ်။ ကျနော်လည်း အရှုံးမပေးဖူးဘူးလို့ ပြောရလောက်အောင် ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမလုံပါဘူး။ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာ ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့ အလွယ်တကူ အရှုံးမပေးဘူး၊ ရှေ့ကို ဆက်သွားရမယ်လို့ ကျနော်တို့ကိုယ်ကျနော်တို့ သတိပေးနေဖို့ လိုပါတယ်။

အခက်အခဲတွေကို အောင်မြင်နိုင်မယ့် နည်းလမ်း ၇ ခု

အသိပညာနှင့် ယုံကြည်မှု





ဒဿနိကဗေဒ (Philosophy)

Philosophy ခေါ် ဒဿနိကဗေဒ ၏ မူလ အဓိပ္ပါယ် အရင်းအမြစ်သည် ဂရိနိုင်ငံမှ ဆင်းသက်လာသည်။ Philo ဆိုသည်မှာ Love (အချစ်၊ မေတ္တာတရား၊ သဘောကျစရာ) ဟု အဓိပ္ပါယ်ရပြီး Sophis ဆိုသည်မှာ Wisdom (ဉာဏ်ပညာ၊ အသိပညာ၊ ရှုမြင်တွေးခေါ်မှု) မှု အဓိပ္ပါယ်ရသည်။

ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းမှာ ဒဿနိကဗေဒ ပညာရပ်တစ်ခု ရှိနေရခြင်း၏ အကျိုးကျေးဇူးမှာ တစ်ခါတစ်ရံ ကျွန်ုပ်တို့ တွေ့ကြုံရသော အတွေ့ကြုံတစ်ခု (သို့) အသုံးပြုမည့် အရာတစ်ခု၊ လုပ်ဆောင်မည့်အလုပ်တစ်ခု၊ ပြောဆိုမည့် စကားတစ်ခွန်းအတွက် ဒဿနိကဗေဒ ပညာရှင်တို့၏ အတွေးအခေါ်များဖြင့် ယုံကြည်မှု ပိုမိုခိုင်မာစေရန်ဖြစ်သည်။




အထူးသဖြင့် အငြင်းပွားဖွယ် ပြဿနာများစွာအတွက် အဖြေများရရှိဖို့ အထောက်အပံ့များစွာ ဖြစ်စေသည်။ ဒဿနိကဗေဒ ပညာရပ်တွင် အဓိပ္ပါယ်သက်မှတ်ချက်များ (meaning)၊ ဖြေရှင်းချက်များ (interpretation)၊ ထင်မြင်ယူဆချက်များ (evaluation)၊ ကျိုးကြောင်းဆီလျှော်စွာ စဉ်းစားချင့်ချိန်နိုင်မှု (logicalconsistency )၊  နှင့် ရှေ့နောက်ညီစွာဖြင့် စဉ်းစားချင့်ချိန်နိုင်မှု (rational consistency) တို့ ပါဝင်သည်။