`စိန်နားကပ်ကြီးပန်ရမလို´





          နာရီကြည့်စရာမလိုပဲ ကြက်ကလေး ငှက်ကလေးများတောင် သူ့အချိန်သူသိပြီး ပြုနေကျအမှုတို့ကို သူ့ဘာသာမှန်မှန်လုပ်နေကြသော အရပ်မို့ ကိုယ်လည်း ရောက်နေကျအချိန် ဆေးရုံပေါ်ရောက်ရစမြဲ ဖြစ်သည်။ စမ္ပာနဂိုရ်ဆေးရုံ ပြည်သူ့ဆေးရုံရှေ့တွင်လည်း လူနာများတဖွဲဖွဲ ရောက်နှင့်ပြီလေ။ တာဝန်ကျဆရာမများက...လည်း မီးခိုးတလူလူနှင့်ဆိုင်ကယ်သံ ဖွတ်ချက်ဖွတ်ချက် ကြားသည်နှင့် ခေါင်းပေါ်အဖြူဆောင်းကလေးတင်သူတင်၊ ပေတံဘောပင် ပြင်သူပြင်၊ တနေကုန် အော်နိုင်ဟစ်နိုင်ရန် လည်ချောင်းရှင်းသူရှင်းဖြင့် ဆရာဝန်ရောက်ကြောင်း လူနာများကို သိသာစေသည်။ လူနာများကလည်း လှုပ်လှုပ်ရှားရှားဖြစ်လာပြီး စာအုပ်ထပ်ထားသောနေရာတွင် ရွစိရွစိ တန်းစီကြပြန်သည်။ နံမည်ခေါ်တုန်း မကြားမိရင် နောက်ဆုံးရောက်သွားမှာ ကြောက်ရသည်ကော။


          `ဆေးရုံတက်မယ့်လူနာတွေနဲ့ အရေးကြီး အသည်းအသန်လူနာတွေပဲ အရင် ကြည့်သွားမယ်။ ကျန်တာ ပြန်လာမှ ဆက်ကြည့်မယ်။ ဒီနေ့ အစည်းအဝေးသွားရမှာ။´

ချစ်သူတိုက်ခဲ့သော ကျိန်စာ







          အဲဒီနေ့က ကျွန်တော်မက်ခဲ့တဲ့ ကျွန်တော့်ရဲ့ အနာဂတ်အိပ်မက်လေးကို ကျွန်တော်ကိုယ်တိုင် ဖျက်ဆီးလိုက်တဲ့နေပေါ့။ သူ့မရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံနေတယ်။ မျက်နှာမှာတော့ နာကြည်းမှုတွေနဲ့ပေါ့။ သူ့မ ရင်ထဲမှာ ဘယ်လောက်တောင် နာကြည်းသွားမလဲ ကျွန်တော်ခံစားလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း သူ့မကို တကယ်ချစ်ခဲ့တာကို။ ချစ်တဲ့သူတစ်ယောက်ကို လမ်းခွဲစကားပြောရတာ မုန်းတဲ့သူကို ချစ်တယ်လို့ ပြောရတာထက် ပိုခက်တယ်ဆိုတာ ကျွန်တော် အဲဒီအချိန်မှာ သိလိုက်ရတယ်။
“နင့်သဘောက ဒီလိုရှိမှတော့ ငါနင့်နားမှာ ဆက်ပြီး ရှိနေစရာမလိုတော့ဘူး။ နင့်လိုလူမျိုးကို ငါချစ်မိခဲ့တဲ့အတွက် ငါ့နှလုံးသားကို ငါသိပ်မုန်းတယ်။ သတ္တိကြောင်တဲ့နင့်ကိုလည်း ငါမုန်းတယ်။ ငါ့ကို ဒီလိုဒဏ်ရာတွေနဲ့ ခံစားရအောင် လုပ်တဲ့နင့်ကို ငါလုံးဝခွင့်မလွှတ်ဘူး။ ငါခံစားခဲ့ရသလို နင်လည်းအခုဘ၀မှာ နင်ချစ်တဲ့သူနဲ့ ဘယ်တော့မှ မနီးစပ်ရပါစေနဲ့ ။ ဒါဟာ ငါရဲ့ နောက်ဆုံးကျိန်စာပဲ။”
သူမကတော့ စိတ်မြန်သူပီပီ သူမပြောချင်သောစကားတွေကို ပြောပြီး ကျွန်တော်ကို ကျောခိုင်းထွက်ခွာသွားတယ်။ ၀ဲတက်လာတဲ့ မျက်ရည်နဲ့အတူ ရင်ထဲမှာ ဆို့တက်လာခဲ့တယ်။ သူမပြောခဲ့သလိုပဲ ကျွန်တော့်ဘ၀မှာ ကျွန်တော်ချစ်တဲ့သူနဲ့ ဘယ်တော့မှ နီးစပ်ရမှာမဟုတ်တော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်သိပ်ချစ်တဲ့သူမကို ကျွန်တော်ကိုယ်တိုင်ပဲ စွန့်လွှတ်ခဲ့တာ။ ကျွန်တော်ရင်နာနာနဲ့ စွန့်လွှတ်ပြီး သူမ မဟုတ်တဲ့ ဘယ်သူ့ကိုမှ ကျွန်တော်ရင်ထဲကို အ၀င်ခံမှာမဟုတ်လို့ပဲ။ သူမနဲ့ကျွန်တော် လမ်းခွဲပြီးတဲ့နောက်ပိုင်း ကျွန်တော့်ရင်ထဲမှာ ပြည့်နှက်နေတဲ့ သူမရဲ့ ပုံရိပ်တွေနဲ့ပဲ ကျွန်တော့်ဘ၀ကို ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့တယ်။
       

ခုတော့ သိပြီလေ - ၂






မိုးပြာနဲ့ ခင်လေးကလဲ ဟားတိုက်ပြီး ရယ်တော့ အေးမလဲ ရယ်မိတယ်။ အခုတော့
နောက်ပိုင်းဆို မိုးပြာက သူ့ရင်ကို လက်နဲ့ဖိပြီး ။
"ကျွန်တော် ရင်တွေ ခုန်လိုက်တာဗျာ"  ဆိုတဲ့ ဟန်ကိုလုပ်ပြနေတတ်တယ်။
ဒီတုန်းက သူတို့နဲ့ အတူရောရယ်နိုင်တာကို အံသြလို့ မဆုံးဘူး။

"ငါက မပြောပဲ ထားလေ သူက မေးလေ၊ ရင်တွေ ခုန်လှပြီဗျာ တဲ့၊ တကယ်ဟားရတဲ့လူပဲ၊
ငါရယ်လဲ ရယ်ချင် စိတ်ကလဲပျက်တာပဲဟာ၊ ခင်ဗျား သိမှာပါ၊ ဘယ်သူရှိလဲ စဉ်းစားပေါ့
ဆိုတော့ မသိဘူးဗျ၊ အများကြီးတဲ့"

"အောင်မယ်... ကောင်စုတ်လေး"
မိုးပြာက မခံမရပ်နိုင် ဝင်ဆဲလိုက်သေးတယ်။ အေးမကတော့ ပြုံးရုံပဲ
ပြုံးနေလိုက်မိပါတယ်။ ရင်ထဲမှာတော့ ကျင်နေတာပဲ။

နင့်အတွက်အရေးမပါခဲ့သောငါ.......




ငါနင့်အကြောင်းမတွေးချင်ဘူး

ချစ်သူ

ဘာလို့လဲဆိုတော့

နင့်ကိုမမုန်းချင်လို့ပါ

နင့်အကြောင်းကိုတွေးလိုက်တိုင်း

ချစ်သူ


               
                နေရစ်ခဲ့တာမဟုတ်ခဲ့ရပါဘူး
                 မင်းထားရစ်ခဲ့လို့
                  ချန်နေခဲ့ရတာပါ...
           ချစ်သူ
             ကမ်းလင့်ဖို့မေ့လျော့နေခဲ့တာ..မဟုတ်ခဲ့ရပါဘူး.....
              မင်းတွဲမယ့်လက်အစုံက
                ငါမဟုတ်ခဲ့တာပါ...

ပြတင်းပေါက်ကို ဖွင့်ချင်တယ်





သရုပ်ဖော်ပန်းချီ ဇော်မောင်

“ဒီပြတင်းပေါက်ကို ဘယ်တော့မှ မဖွင့်ကြနဲ့တော့ ကြားလား။ အမြဲတမ်းပိတ် ထားလိုက် တော့”
           မေမေက ပြောပြီး ပြတင်းပေါက်ကို သူကိုယ်တိုင်ပိတ်ကာ ချက်ထိုးလိုက်သည်။
           ကျွန်မတို့အိပ်ခန်း၏ တစ်ခုတည်းသော ပြတင်းပေါက်၊ သူ့ကို နေ့ရောညပါ ပိတ် ထားလိုက်သည့် အချိန်မှစ၍ ကျွန်မသည် စိတ်ကူး ကမ္ဘာသို့ ညစဉ် အလည်သွားဖို့ အလွန် ခက်ခဲသွားပါသည်။


*****

ယောက်ျားတစ်ယောက်ကို လက်ထပ်ခြင်း…





“ယောက်ျားတစ်ယောက်ကို လက်ထပ်တော့မယ်ဆိုကတည်းက သည်ယောက်ျားရဲ့ ရာထူးဝင်ငွေ၊ အရည်အချင်းနဲ့ ဂုဏ်သိကာကို စဉ်းစားပြီးမှ မိန်းမတစ်ယောက်က လက်ခံခဲ့တာပဲ။ တကယ့် တကယ် လက်ထပ်ပြီးတဲ့ အခါကျတော့မှ ရာထူးတို့၊ ၀င်ငွေတို့၊ အရည်အချင်းနဲ့ ဂုဏ်သိကာတို့နဲ့ ပြည့်စုံတဲ့ ကိုယ်လက်ထပ်တဲ့ ယောက်ျားရဲ့ မယားဖြစ်ရခြင်းဟာ ရေထမ်းသမားတစ်ယောက်ရဲ့ မယားဖြစ်ရတာလောက်မှ ပျော်စရာ မကောင်းမှန်း နားလည်လာရတယ်။ ဘာပြုလို့လဲဆိုတော့ ရေထမ်းသမားရဲ့ မယားဟာ သူ့ယောက်ျားရဲ့ အသည်းနှလုံးကို ပိုရလို့ပဲ”

မှန်တစ်ချပ်





(၁)
တရားလိုပြ သက်သေ အမှတ်(၁)မှာ ဆယ်ကျော်သက်အရွယ် လူငယ်ကလေးတစ်ဦးဖြစ်သည်။ ဟောင်းနွမ်းညစ်ပေ အကွက်မလည်တော့ပြီဖြစ်သော လက်စက စွပ်ကျယ်ဖားဖားနှင့် ကျောင်းစိမ်းလုံချည်

ဟောင်းကို ၀တ်ဆင်ထားသည်။ မှုန်မွဲသောရုပ်သွင်ဟု ဆိုရမည်။
တရားခွင် သက်သေထိုင်ခုံရှေ့တွင် သူကို မတ်တပ်ရစ်စေ၍ ကတိသစ္စာပြုခိုင်းလိုက်သည်။

“နာမည် ဘယ်သူလဲ”
“မောင်ဖိုးတိုးပါ ”
“အသက်”
“၁၂နှစ်”
“ကျောင်းသားလား”
“မဟုတ်ပါဘူး၊ ကျောင်းထွက်တာ နှစ်နွေရှိပါပြီ”
“အဖေနာမည်”
“ဦးဘိုးတေ”
“ဦးဘိုးတေ ဟုတ်လား။ ဒါဆိုရင် မင်းဟာ ဟောဒီရုံးရှေ့က တရားလို
တရားပြိုင်တို့ရဲ့သားပေါ့”
“ဟုတ်ပါတယ်”

သက်လုံဖြစ်အောင် ပြောင်းပစ်သလား ----





ဟေ..... ရထားလာပြီတဲ့။

ဝေါခနဲ ဆူညံသွားတဲ့ လူသံတွေနဲ့ အတူ ကျုပ် ကဗျာကယာ ထရပ်လိုက်မိတယ်။ ရထားကို မမြင်ရသေး ပေမယ့် ကျုပ်တို့ရွာ ဘူတာတခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလိုက်ပုံများတော့ .... တော်။ မပြောလိုက်ချင်ဘူး။ ကြည့်စမ်းပါဦး။ ဟိုကောင်မလေး ခရမ်းသီးသည် အပုမရယ်၊ အင့်နေတဲ့ ခရမ်းသီးတောင်းကြီး တရွက်ရွက်နဲ့ ရထားကို တက်ဖို့ တာစူနေလိုက်တာများ၊ သူ့ဘေးက ဆန်အိတ်ပိုင်း ရွက်ထားတဲ့ မိန်းမနဲ့ တိုက်မိမတတ်။ အို ..... အားလုံးအတူတူ ပါပဲလေ။ ထင်းစည်းတွေ ကြံစည်းတွေ၊ ခရမ်းသီး ဗူးသီးတောင်းတွေ အရွက်ကိုယ်စီ၊ အထမ်းကိုယ်စီနဲ့။ တယောက်နဲ့ တယောက် တိုးဝှေ့ တိုက်ခိုက်ပြီး ရထားပေါ်တက်ဖို့ တာစူနေလိုက်ကြတာ။

ဖန်တီးခြင်း၏ အနုပညာ





ဂျူး
မေမေအခုရေးနေသည့်စာကို သား အခု မဖတ်နိုင်သေးတာ မေမေသိပါသည်။ သားသည် အခုမှ အသက် သုံးနှစ်ပြည့်ခါစ လူကလေးမဟုတ်လား။ သို့သော် သားစာဖတ်နိုင်သည့်အရွယ်အထိ မေမေ မစောင့်နိုင်လောက်အောင် မေမေ့ အတွေးတွေက လောကြီးနေသည် သား။ သား ဘယ်လိုကြီးပြင်းလာမှာလဲ၊ သားသည် ဘယ်နေရာတွင် ထူးချွန်ထက်မြက်ပြီး ဘယ်နေရာတွင် ညံ့ဖျင်းမည်လဲ။ သား၏အနာဂတ်ကို အခု ပဲ မြင်ချင်လွန်းလို့ မေမေ စိတ်လှုပ်ရှားစွာ ရင်ခုန်လှပါပြီ။

ခင်ပွန်းရဲ့ချစ်သူ



ခေါင်းစဉ်ကိုကြည့်တာနဲ့ အိမ်ထောင်ရေးဇာတ်၊ သုံးပွင့်ဆိုင်ဇာတ် ဖြစ်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီလိုပါပဲ... ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ စိတ်များ၊ သံယောဇဉ်တွေပွါးပြီး တစ်ဦးထက် ပိုချစ်မိ၊ ပိုတွယ် တာမိ တတ်သူတွေ ရှိတတ်ကြတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို ကြုံတွေ့နေတာတွေ တွေ့ဖူး၊ မြင်ဖူး၊ ကြားဖူးကြသလို ကိုယ်တိုင် ခံစားနေရသူတွေလည်း ရှိကြမှာပါ။ လှည့်စားတတ်တဲ့ ကံကြမ္မာကြောင့် ဒီလိုအဖြစ်မျိုး ကိုယ်တိုင် မကြုံနိုင်ဘူးလို့လည်း တထစ်ချပြောလို့မရပါဘူး။ အချစ်မှာနောက်တစ်ယောက်ပိုလာရင် ခံစားရသူတွေ က နှစ်ယောက်ထက် မကပါဘူး။

နင် အင်မတန်ပလီတယ်ဆိုရင်ဖြင့် ခံရမှာပါမလွဲ



(၁)

ဘူတာရုံကလေးက ခပ်မြှောင်မြှောင်ကလေးဆင်းပြီး ဝါးတံတား ခနော်နီခနော်နဲ့ကို ဒယီးဒယိုင်နဲ့ ကူးဖြတ်လာတဲ့ ကိုမှန်ကင်းကို ဝိုင်းကြည့်နေတဲ့ ကလေးတွေက ...

    "ဦးမှန်ကင်းကြီး မိန်းမ ခိုးလာပြီ အဖေရေ" တဲ့။

အော်လိုက်ကြတဲ့ ကလေးတွေဆိုတာ ပွက်ပွက်ကို ညံသွားတော့တယ်။ ကလေးတွေက အဖေရေ လို့သာ အော် ကြတာ။ ထွက်ကြည့်တော့ အမေတွေချည်း ထွက်ကြည့်တယ်။ အဖေတွေက ထွက်ကြည့်လို့လည်း မြင်ရတာမှ မဟုတ်တာ။ သည်တဲစုကလေးတွေမှာ နေကြတဲ့ အိမ်ထောင်ဦးစီးဆိုတဲ့ ယောကျာ်းသား ဆယ်လေးငါးယောက် ဟာ မျက်မမြင်တွေချည်းပဲ။

အမေ ...





 အမေ...တဲ့ တော်တော်ကောင်းတဲ့ဝတ္တုတိုလေးဘဲ။ဖတ်ကြည့်လိုက်ကြပါခင်ဗျာ....

“ချမ်းလိုက်တာ…..”

ခမောက် အမိုးထဲကို ဝင်နိုင်သမျှ ဝင်အောင် ကိုယ်ကိုကျုံ့ ဝင်ရင်း ညီးတွားမိပါတယ်…အဝေးကကြည့်ရင် လူ ကိုတွေ့ ရမယ် မထင်ပါ ခမောက် အကြီးကြီးတစ်ခုကိုပဲတွေ့နိုင်ပါလိမ့်မယ် ကျနော့် အတွက် ဒီခမောက် က မိုးကာလဲဟုတ်..ထီးလဲ ဟုတ်ပါတယ်…မိုးတွင်းအဆက်ဆက်တိုင်းကို ဒီ ခမောက်လေးနဲ့ပဲဖြတ်ကျော် ခဲ့ပါ တယ်…အခုလဲ မိုးဖွဲဖွဲလေး ကျနေပါတယ်…ကျနော့်ခြေထောက်တွေ လဲအေးစက်နေ ပါပြီ…ဒါပေမယ့် ကျနော် အိမ်မပြန်ချင်သေးပါ.. ။

မောင်ချမ်းသာ(ဆိုက်ကား)နှင့် မနှင်းပုလဲ (ပဲပြုတ်)တို့၏ မင်္ဂလာဆောင်




တရားသူကြီး သုံးယောက်ရှေ့တွင် မောင်ချမ်းသာနှင့် မနှင်းပုလဲတို့ ခပ်ယို့ယို့လေး ရပ်နေကြသည်။ မောင်ချမ်းသာ က ခေါက်ရိုး မပြေသေး သော လုံချည်အသစ် စက်စက်ကို သလုံးသားပေါ်အောင် ၀တ်ထား၏။ လျှော်ပြီးသား အင်္ကျီလက်ရှည် အဖြူကို လက်တ၀က် ခေါက်၍ ထား၏။ မနှင်းပုလဲကတော့ မော်ရေးရှံ သက်တံရောင်နှင့် အပေါ် က အိရှံအဖြူလက်စကနှင့် ဖြစ်သည်။ သူတို့ နောက်တွင်တော့ မောင်ချမ်းသာ၏ ရောင်းရင်းများက ၀ါး ဦးထုပ်၊ စစ်ဦးထုပ် အစိမ်းပျော့ စသည့် ခေါင်းဆောင်း အမျိုးမျိုးကို လက်တွင်ကိုင်၍ စုပြုံ ရပ်နေကြ၏။ တရားရုံးရှေ့ တွင်တော့ ဆိုက်ကားများ တန်းစီ ရပ်ထားသည်။


"ဗိုက်နာခြင်း ပါမောက္ခနေဝင်း (ဆေးပညာ)"





ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း သည် လူနာများ အဖြစ် အများဆုံးနှင့် ဆရာဝန်ထံ လာရောက် ပြသသည့် အများ ဆုံး ရောဂါ လက္ခဏာဖြစ်သည်။ ပုံစံစုံ၊ ဝမ်းဗိုက်နေရာအနှံ့ နာလေ့ရှိ သည်။ မျှဉ်းမျှဉ်း နာသကဲ့သို့ ပြင်း ပြင်းလည်း နာတတ်သည်...။ အများစု မှာ သာမန်နာ၊ ခဏနာလေ့ရှိသော် လည်း တစ်ခါတစ်ရံ ဆိုးဆိုးရွားရွား၊ အချိန်ကြာကြာ နာတတ်သည်။ ထို အခါ လူနာများက စိုးရိမ်ပူပန်လာကြ သည်။ ဘာကြောင့် နာသနည်းဟု သိလိုကြသည်။

ဘ၀တသက်တာ ကျန်းမာဖို့ အသက်အရွယ်အလိုက် စားသင့်တဲ့ အစာများ



သင်အလုပ်များနေလို့ သင်စားလိုက်တဲ့အစာဟာ သင့်ကျန်းမာရေးအတွက် ကောင်းကျိုးပေးတာလား၊ ဆိုးကျိုးပေးတာလားဆိုတာကို သတိထားကြည့်မိရဲ့လား၊ သင်ကလေးရနေလို့ သင့်ကလေးကို ကျွေးမွေးနေရတာနဲ့ပဲ အလုပ်ရှုပ်နေလို့ သင့်ကျန်းမာရေးအတွက် သင်ပြန်မကြည့်မိဘူးလား၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သင့်မီးဖိုချောင်ထဲက ပစ္စည်းတွေဟာ ဘယ်အစာက စွမ်းအင်ဖြစ်စေသလဲ၊ ဘယ်အစာက သင့်ရောဂါတွေကို တွန်းလှန်နိုင်သလဲ။

ကိုယ်ဝန်ဆောင် ဆယ်ဦးမှာ တစ်ဦး ခံစားရတတ်တဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်းရောဂါ






ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် သားဆိပ်တက်လို့ ဆေးရုံတင်လိုက်ရတယ်၊ သွေးပေါင်တွေ အရမ်းတက်ပြီး ခြေလက်တွေ ဖောရောင်ကာ ဝေဒနာအပြင်းအထန် ခံစားရတယ်စသဖြင့် စာရှုသူတို့ ကြုံဖူး၊ ကြားဖူးကြမှာပါ။ ပျမ်းမျှ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၀၀ ဦးမှာ ၈ ယောက်ကနေ ၁၀ ယောက်လောက် အထိ ခံစားရတတ်တဲ့ ကိုယ်ဝန်နဲ့ ဆက်စပ်သော၊ အဆိပ်တက်တယ်လို့...

ခံတွင်းအနံ့  နံခြင်းနှင့်  ဖြေရှင်းနည်းများ




“---များသောအားဖြင့် ပါးစပ်နံတဲ့သူတွေဟာ သူတို့ ပါးစပ်နံတာကို သတိမထားမိကြပါဘူး။ အခြားသူတွေက သတိထားမိပေမယ့် အားနာလို့ ဖြစ်စေ ရှက်လို့ ဖြစ်စေ ဘာမှ မပြောဘဲ အောင့်အင်း သည်းခံပြီး နေလေ့ ရှိတတ်ကြတယ်---”

ခံတွင်း အနံ့ နံခြင်းကို ဆေးပညာအရ halitosis လို့ ခေါ်ပါတယ်။ English လိုတော့ လွယ်လွယ်ကူကူ bad breath ပေါ့။ Halitosis ဟာ လူတွေမှာ တွေ့ရများတဲ့ အခြေအနေတစ်ခုဖြစ်ပြီး အဓိက ဖြစ်စေတဲ့ အကြောင်း အရာကတော့ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေလို့ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်


ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင် လိုက်ပါ။

မိုးရာသီတွင် ဖြစ်ပွားတတ်သော အရေပြားမှိုရောဂါများ



“မှိုက မစိုမခြောက် အခြေအနေကို သဘောကျတယ်။ မိုးတွင်းကျတော့ မိုးရွာတဲ့အချိန်မှာ မိုးရေစိုမယ်၊ မရွာတဲ့အချိန်တွေကျတော့ ချွေးတွေနဲ့ဆိုတော့ အရေပြားကို နှူးသလိုဖြစ်ပြီး ဒီလို မိုးတွင်းအချိန်မှာ အဖြစ်များတတ်ပါတယ်”

ဝက်ရူးပြန်ရောဂါ (သို့) အတက်ရောဂါ နှင့်ရုတ်တရက်အသက်ရှူရပ်တန့်သွားခြင်း

အောက်ပါ ကျန်းမာရေးဆောင်းပါးကို ကျွန်တော် ခရီးထွက်နေချိန်မှာ လှမ်းအကူအညီတောင်းလို့ မလေးရှားနိုင်ငံက AMIST University မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ ဆရာဝန် ဒေါက်တာနန်းနီတျာ က ကျေးဇူးပြုပြီး ရေးပေး ခဲ့တာ ဖြစ်ပါတယ်။ mmDailyNews စာဖတ်ပရိသတ်များ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ စာသင်ခန်းတစ်ဖက် စာမေးပွဲ တစ်ဖက်နဲ့ လုံးဝမအားတဲ့ ကြားက ရေးပေးဖြစ်အောင် ရေးပေး ခဲ့တဲ့   ဒေါက်တာ နန်းနီတျာ (အမ မသဲ) ကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ရာသီမလာခင် ဖြစ်ချင်တာတွေ Premenstrual syndrome (PMS)




ရာသီလာခါနီး ဖြစ်တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်အခြေအနေနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်။ လစဉ်လတိုင်း ရာသီလာခါနီး ရက်တွေတိုင်းမှာ အချို့သော မိန်းကလေးတွေရဲ့ စိတ်တွေက အရမ်းကို ထိခိုက်ခံစားလွယ်ပြီး၊ ဘာမှမဟုတ်တဲ့ အကြောင်းအရာလေး ပေါ်မှာတောင် အရမ်း Sensitive ဖြစ်လွန်းတယ်လို့ ထင်ပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ အဲလို ရက်မျိုး နီးပြီဆိုရင် စိတ်ခံစားမှု အရမ်း Sensitive ဖြစ်ပါတယ်။

ထိပ်ကပ်(ခပ်)နာ ဆိုတာ








ဘလော့ဂ်ဂါ မိတ်ဆွေတဦးမှ သူခံစားရတာလေး သက်သာအောင် ဘယ်လိုနေရမလဲ မေးလာ တာနဲ့ အားလုံးလည်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေး ရရှိစေရန် ဒီပို့စ်လေးကို ရေး သားလိုက်ပါတယ်။

ထိပ်ကပ်(ခပ်)နာဆိုတာ ဘာဖြစ်တာလဲ 
ထိပ်ကပ်(ခပ်)နာ ဆိုတာ လူ့ဦးခေါင်းခွံရိုး အတွင်းမှာရှိနေတဲ့ လေအိတ်ငယ် လေးများ ယောင် ယမ်းခြင်းဖြစ်ပါတယ်။
လေအိတ်ငယ်လေးတွေဆိုတာ ဘယ်နေရာမှာရှိတာလဲ
လူ့ရဲ့ဦးခေါင်းခွံရိုး အတွင်း မျက်ခုံးရိုးတ၀ိုက်၊ ပါးနှင့် မေးရိုးတ၀ိုက် နှင့် နှာခေါင်းရိုးတ၀ိုက်တွင် အခေါင်းပေါက် ပါသော လေအိတ်ငယ်လေးတွေ ပါရှိပါတယ်။ ယင်း လေအိတ်ငယ် လေးများကို ဆေးပညာ အခေါ်အရ sinus ဟုခေါ်ပါတယ်။