skip to main |
skip to sidebar
နေရစ်ခဲ့တာမဟုတ်ခဲ့ရပါဘူး
မင်းထားရစ်ခဲ့လို့
ချန်နေခဲ့ရတာပါ...
ချစ်သူ
ကမ်းလင့်ဖို့မေ့လျော့နေခဲ့တာ..မဟုတ်ခဲ့ရပါဘူး.....
မင်းတွဲမယ့်လက်အစုံက
ငါမဟုတ်ခဲ့တာပါ...
ချစ်သူ
အချစ်ရိပ်မှာ နားခိုဖို့ရာ
ရှောင်တိမ်းခဲ့တာ...မဟုတ်ခဲ့ရပါဘူး...
မင်းရဲ့အရိပ်က
ငါ့အတွက်နေရာမရှိခဲ့တာပါ....
ချစ်သူ
မင်းကိုအပြစ်ဖို့ဖို့
ဒီကဗျာကိုရေးခဲ့တာ...မဟုတ်ခဲ့ရပါဘူး
အချစ်အတွက် ကံမကောင်းတဲ့
ငါကိုကလွဲမှားမှုတွေနဲ့ ကံဆိုးနေခဲ့တာပါ...
0 comments:
Post a Comment