စားသောက်ဆိုင်စာရင်း ဘယ်လိုစစ်မလည်း(၁)





စားသောက်ဆိုင်စာရင်း ဘယ်လိုစစ်မလည်းဆိုတဲ့ အကြောင်းအရာဟာ စာရင်းစစ်ပညာနဲ့ ဆက်စပ်နေတဲ့အတွက် အပြည့်အစုံဆိုရင် စာရင်းစစ် လုပ်ထုံးလုပ်နည်းတွေ စာရင်းစစ် အစီအစဉ်တွေပါ ထည့်သွင်းဖော်ပြပေးမယ်ဆိုရင် အရမ်းများပြားသွားမှာ ဖြစ်တဲ့အတွက် စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင်တစ်ဦးအနေဖြင့်  သို့မဟုတ် တာဝန်ရှိသူ တစ်ဦးအနေဖြင့် မိမိလုပ်ငန်း စာရင်းနှင့် ပါတ်သက်ပြီး အဓိက သိထားသင့်တဲ့ စာရင်းပိုင်း စာရင်းစစ်ခြင်းအပိုင်းကိုပဲ အဓိထား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စားသောက်ဆိုင်ဆိုတာ စားသုံးသူတွေ ကြိုက်နှစ်သက်မယ့် အစားအသောက်တွေကို တည်ခင်းရောင်းချပြီး စိတ်နှစ်သက်ဖွယ် ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းလို့ ဆိုနိုင်ပါတယ်။

စားသောက်ဆိုင်စာရင်းရဲ့ သဘာဝအရ ယေဘူယျအားဖြင့် စာရင်းပုံစံ နှစ်မျိုး ရှိပါတယ်။ တစ်မျိုးက ၀ယ်ပြီးရောင်းတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အရောင်းအ၀ယ် ပုံစံမျိုးရယ် တစ်မျိုးက ချက်ပြုတ်ကြော်လှော်ပြီးမှ ရောင်းချတဲ့ အစားအသောက်တွေ၊ အရက် တစ်ခုနဲ့တစ်ခု စပ်ဟပ်ပြီးမှ ရောင်းရစပ်တဲ့ စပ်အရက် (Cock tail) တွေအတွက် ထုတ်လုပ်မှု စာရင်းပုံစံရယ်တို့ ဖြစ်ပါတယ်။

စာရင်းပိုင်းကကြည့်ရင် နေ့စဉ်ငွေဝင်ငွေထွက်သွင်းမည့် ငွေစာရင်းစာအုပ်၊ ပစ္စည်းအ၀ယ်နဲ့ပါတ်သက်ပြီး နေ့စဉ်ကုန်ဝယ်စာရင်းရှိမယ်၊ အ၀ယ်ပစ္စည်းလယ်ဂျာတွေကို အမျိုးအစား ခွဲခြားထားပြီး အရက် ဘီယာစသည်တို့က အုပ်စုတစ်စု အချိုရည် ဖျော်ရည်က အုပ်စုတစ်စု အစားအသောက်အတွက် အသား ငါး ပုဇွန်တွေက အုပ်စုတစ်စု ကုန်ခြောက်ဆိုတဲ့ ကြာဇံ ခေါက်ဆွဲ တွေက အုပ်စုတစ်စု ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေက အုပ်စု တစ်စု ထားတတ်ကြပါတယ်။ ဒီလို ခွဲခြားထားတာက လုပ်ငန်းအတွက်လည်း အဆင်ပြေ စာရင်းစစ်ဆေးရာမှာလည်း လွယ်ကူမှု ရှိနိုင်ပါတယ်။ကုန်ဝယ်လယ်ဂျာစာရင်းကို အုပ်စုအလိုက် ခွဲခြားထားခြင်းအားဖြင့် တစ်ရက်ချင်းစီအလိုက် အမျိုးအစားတစ်ခုခြင်းစီအတွက် ကုန်ဝယ်စာရင်းကို အလွယ်တစ်ကူ ကြည့်ရှု့နိုင်ပါတယ်။

လုပ်ငန်းသဘာဝအရ စားသောက်ဆိုင် အ၀ယ်တော်တွေအနေနဲ့ ဈေးထဲမှာ တွေ့ရာပစ္စည်းကို ကြုံသလို ၀ယ်ရတာဆိုတော့ တစ်ဆိုင်ထဲကနေ ကုန်ခြောက်၊ အရက်၊ အချိုရည် စသည်ဖြင့် ပစ္စည်းမျိုးစုံ ပါနိုင်ပါတယ်။ ဘယ်လိုပင်ပါပါ ငွေစာရင်းစာအုပ်တွင် အထွက်ပြသည့်အခါ အ၀ယ်ပြေစာရဲ့ စုစုပေါင်း ကျသင့်ငွေကို သွင်းပြီး ပစ္စည်းအုပ်စုအလိုက် လယ်ဂျာတွေမှာတော့ တစ်မျိုးချင်းစီသွင်းပြီး စာရင်းကိုက်ကြည့်ဖို့ လိုပါသည်။ မကိုက်ရင် အစမ်းရှင်းတမ်းဆွဲရင်လည်း မကိုက်နိုင်တဲ့အတွက် သတိပြုရမဲ့ အချက်ဖြစ်ပါတယ်။

ဝယ်ရောင်းအနေနဲ့ ဆိုရင်တော့ စာရင်းသမားတော်တော်များများ စာရင်းနိုင်နင်းကြပါတယ်။ ထုတ်လုပ်မှုစာရင်းနဲ့ ပါတ်သက်လို့ စားသောက်ဆိုင်ရဲ့ စာရင်းထုတ်လုပ်မှု ပုံစံဟာ ပစ္စည်းအများကြီးထုတ်လုပ်မှု (Mass Productin) ပုံစံနဲ့  အသွင်ခြားနားမှု ရှိတဲ့အတွက် သာမန်ကုန်ထုတ်လုပ်မှုစာရင်း (Manufacturing A/C) မျိုးနဲ့ ရေးဆွဲရင် စစ်ဆေးတဲ့အပိုင်းမှာ အားနည်းမှု ရှိနိုင်ပါတယ်။

စာရင်းပုံစံလို့ ပြောရင် လချုပ်နှစ်ချုပ် စာရင်းပုံစံကို စာရင်းသမားတွေ ပြေးမြင်ကြပါလိမ့်မယ်။ စာရင်းစကားနဲ့ ပြောရရင် စာရင်းပုံစံကို ဖွဲ့စည်းပေးတာက စာရင်းခေါင်းစဉ်ဇယားလို့ဆိုတဲ့ (Chart of Account) ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပေးပါမည်။
 စံတန်ဖိုး (Standard Cost) သဘောတရား


0 comments:

Post a Comment