အသိပညာနှင့် ယုံကြည်မှု





ဒဿနိကဗေဒ (Philosophy)

Philosophy ခေါ် ဒဿနိကဗေဒ ၏ မူလ အဓိပ္ပါယ် အရင်းအမြစ်သည် ဂရိနိုင်ငံမှ ဆင်းသက်လာသည်။ Philo ဆိုသည်မှာ Love (အချစ်၊ မေတ္တာတရား၊ သဘောကျစရာ) ဟု အဓိပ္ပါယ်ရပြီး Sophis ဆိုသည်မှာ Wisdom (ဉာဏ်ပညာ၊ အသိပညာ၊ ရှုမြင်တွေးခေါ်မှု) မှု အဓိပ္ပါယ်ရသည်။

ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းမှာ ဒဿနိကဗေဒ ပညာရပ်တစ်ခု ရှိနေရခြင်း၏ အကျိုးကျေးဇူးမှာ တစ်ခါတစ်ရံ ကျွန်ုပ်တို့ တွေ့ကြုံရသော အတွေ့ကြုံတစ်ခု (သို့) အသုံးပြုမည့် အရာတစ်ခု၊ လုပ်ဆောင်မည့်အလုပ်တစ်ခု၊ ပြောဆိုမည့် စကားတစ်ခွန်းအတွက် ဒဿနိကဗေဒ ပညာရှင်တို့၏ အတွေးအခေါ်များဖြင့် ယုံကြည်မှု ပိုမိုခိုင်မာစေရန်ဖြစ်သည်။




အထူးသဖြင့် အငြင်းပွားဖွယ် ပြဿနာများစွာအတွက် အဖြေများရရှိဖို့ အထောက်အပံ့များစွာ ဖြစ်စေသည်။ ဒဿနိကဗေဒ ပညာရပ်တွင် အဓိပ္ပါယ်သက်မှတ်ချက်များ (meaning)၊ ဖြေရှင်းချက်များ (interpretation)၊ ထင်မြင်ယူဆချက်များ (evaluation)၊ ကျိုးကြောင်းဆီလျှော်စွာ စဉ်းစားချင့်ချိန်နိုင်မှု (logicalconsistency )၊  နှင့် ရှေ့နောက်ညီစွာဖြင့် စဉ်းစားချင့်ချိန်နိုင်မှု (rational consistency) တို့ ပါဝင်သည်။

မြန်မာ့ဆေးမြီးတိုနည်းများ ( သင်နုပျိုချင်ပါသလား)




သင်နုပျိုချင်ပါသလား
ဤလောက၌ မနုပျိုချင်တဲ့သူ မရှိပါ။ သူသူကိုယ်ကိုယ် အရွယ်တင်နုပျိုချင်ကြပါတယ်။ ဒါကြောင့်အရွယ် မတိုင်မီ အိုမင်းမှုကို တိုက်ဖျက်ဖို့အတွက် အချက် (၈)ချက်ကို တင်ပြလိုက်ပါတယ်။

အဆုတ် ကင်ဆာ





အများဆုံးကြုံတွေ့ရတဲ့ လူသတ်သမား အဆုတ်ကင်ဆာအကြောင်း သိကောင်းစရာ

ဒီနေ့ ဆွေးနွေးမည့် ခေါင်းစဉ်က ဘာပါလဲ ကမ္ဘာမှာရော မြန်မာနိုင်ငံမှာပါ အများဆုံးကြုံတွေ့ရတဲ့ လူသတ် သမား အဆုတ်ကင်ဆာရောဂါအကြောင်းပဲ ဖြစ်ပါတယ်။
အဆုတ်ကင်ဆာ ရောဂါဆိုတာဘာပါလဲ ။
အဆုတ်ကင်ဆာ အကြောင်းကို မဆွေးနွေးမီ အဆုတ်ရဲ့ခန္ဓာဗေဒ တည်ဆောက်ပုံနှင့် ဇီဝကမ္မဗေဒလုပ်ငန်း တွေကို အနည်းဆုံး အတိုချုံး ဆွေးနွေးတင်ပြပါမယ်။ အဆုတ်ကင်ဆာဖြစ်လာတဲ့အခါ ရောဂါလက္ခ ဏာတွေ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာ ပိုသဘောပေါက် နားလည်စေချင်လို့ပါ။
အဆုတ်ရဲ့ ခန္ဓာဗေဒတည်ဆောက် ပုံနဲ့ ဇီဝကမ္မ လုပ်ငန်း တွေကို သိပါရစေ
အဆုတ်ဟာ ဘယ်ညာအနေနဲ့ နှလုံးရဲ့ တစ်ဖက်တစ်ချက် ရင်ခေါင်း အတွင်းမှာရှိပါတယ်။ ရင်ခေါင်းဆိုတာ ကလည်း လည်ပင်းနဲ့ ဝမ်းဗိုက်ကြား ထဲက ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပြီး နောက်ဘက်မှာ ကျောရိုး၊ ဘေးမှာနံရိုး နဲ့ ရှေ့ပိုင်းမှာ ရင်ညွန့်ရိုး (Sternum) တွေနဲ့ ကန့်သတ်သတ်မှတ် ထားပြီး ၎င်းတို့ကြားနဲ့ အပေါ်တွေ မှာရှိတဲ့ြွကက်သား၊ အဆီပြင် အရေပြားတွေနဲ့ ဖုံးလွှမ်းထားပါတယ်။
ဝမ်းဗိုက်နဲ့ ရင်ခေါင်းပိုင်းကိုတော့ Sternum) ဆိုတဲ့ ကြွက်သားနဲ့ အရွတ်ပြားစပ်နေတဲ့ ကြွက်သား ပြားကြီးက ခြားနားထားပါတယ်။ အသက်ရှူတဲ့အခါမှာ ဒြွီကက်သား ပြားကြီးက အောက်ဘက်ကို ဆင်း သွားပြီး နံရိုးတွေက ဘေးကို ကားထွက်ကာ ရှေ့ပိုင်းက အပေါ်ကို တက်လာ လို့ရင်ခေါင်း အတွင်းပိုင်းဟာ ကျယ်လာပြီး ရှူသွင်းလိုက်တဲ့ လေ တွေကို စုပ်ယူကာ အဆုတ်ထဲကို လေတွေ အသက်ရြှွူပန်က တစ်ဆင့် ဝင်လာပါတယ်။

နှာခေါင်းသွေးယိုခြင်းအကြောင်း သိကောင်းစရာ






နှာခေါင်းသွေး လျှံခြင်း (Epistaxis)

နှာခေါင်းသွေးလျှံခြင်းဆိုတာဟာနှာယောင် nostrils တလျောက်မှ သွေးတွေစီးကျလာခြင်းကို ဆိုလိုပါတယ် ။နှာခေါင်းသွေး လျှံခြင်း ၂ မျိုး ရှိပါတယ် ။ တစ်မျိုးကတော့ အရှေ့ပိုင်း anterior လို့ခေါ်ပြီး သူကတော့ အဖြစ်များပါတယ် ။ နောက်တစ်မျိုးကတော့ အနောက်ပိုင်း posterior လို့ခေါ်ပါတယ် ။ သူကတော့ အဖြစ်နဲလေ့ရှိပြီး ဆေးကုသမှုလိုအပ်တဲ့ အမျိုးအစားမျိုး ဖြစ်ပါတယ် ။ တခါတရံ အလွန်ဆိုးဝါးပြင်း ထန်တဲ့အခါမှာ သွေးတွေဟာ နှာတွင်းမျက်ရည်လမ်းကြောင်း nasolacrimal duct မှထွက်ရှိလာပြီး မျက်လုံးကနေတောင်သွေးတွေထွက်ရှိနိုင်ပါတယ် ။

ကုမ္ပဏီ မအောင်မြင်နိုင်ဖွယ် အလားအလာကို ကြိုတင်မှန်းဆနိုင်သည့် နည်းလမ်းများ



စီးပွားရေး လောကမှာ ရှိကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ မိမိတို့ရဲ့ ကုမ္ပဏီ လုပ်ငန်းတွေ အစဉ်တစိုက် ကြီးပွား တိုးတက်နေအောင် နေ့မအား၊ ညမနား ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသ၍ အပတ်တကုတ် ကြိုးစားအားထုတ် လုပ်ကိုင်နေကြပါတယ်။ ဒါပေမဲ့  မိမိတို့ကုမ္ပဏီရဲ့ လုပ်ငန်း မအောင်မမြင် ဖြစ်နိုင်တဲ့  အနေအထားတွေကို  ကြိုကြို တင်တင် သတိမမူ မိတာကြောင့် အချို့ ကုမ္ပဏီတွေမှာဟာ ငွေကြေး ကသီလင်တဖြစ်ပြီး လုပ်ငန်း မအောင်မြင်မှုတွေနဲ့ ရင်ဆိုင် တွေ့ကြုံရတတ်ပါတယ်။ဒါကြောင့် မိမိတို့ကုမ္ပဏီမှာ လုပ်ငန်း မအောင်မမြင် ဖြစ်နိုင်ဖွယ် အလားအလာတွေ ရှိမရှိကို ကြိုတင်မှန်းဆကြည့်ပြီး သတိမူ-ပြုပြင် ဆောင်ရွက်နိုင်ဖို့အတွက် နည်းလမ်းကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

ကုမ္ပဏီ မအောင်မြင်ရခြင်း အကြောင်းရင်းများ



အများအားဖြင့် အခွင့်မသာတဲ့ စီးပွားရေး ရာသီဥတု (Unfavourable Business Climate) ခြေအနေတွေ၊  ငွေကြေးစရိတ် မြင့်မားတာတွေ (High Financial Costs)နဲ့ အရောင်းထိုင်းတဲ့ ဈေးကွက် (Depressed Market) တွေဟာ ကုမ္ပဏီ အတော်များများကို  စီးပွားရေး ကျဆင်းအောင် လျင်လျင်မြန်မြန် တွန်းပို့တဲ့ သော့ချက် အကြောင်းရင်းတွေ ဖြစ်တယ်လို့ ထောက်ပြလေ့ ရှိကြပါတယ်။ ဒါပေမယ့်  စီးပွားရေး မအောင်မြင်မှု အတော်များများရဲ့ ဇစ်မြစ်ဟာ စီမံခန့်ခွဲရေးညံ့ဖျင်းမှု (Poor Management) မှာ မြစ်ဖျားခံလေ့ ရှိပါတယ်။ မအောင်မြင်မှု ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများရဲ့ ပါဝင်မှု ရာခိုင်နှုန်းဟာ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ဖြစ်ပါတယ်လို့  အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့  Dun and Bradstreetရဲ့  လေ့လာချက်တစ်ရပ်က ဆိုပါတယ်။