စတိုပစ္စည်းများဘယ်လိုကြီးကြပ်မလဲ (STORE CONTROL)



စတိုပစ္စည်းများကို လိုအပ်သည်ထက် ပိုမိုလှောင်ထားခြင်း လိုအပ်သည်ထက်လျော့ နည်းလှောင်ထားခြင်း တို့ကြောင့် လုပ်ငန်းကို လွန်မင်းစွာ ထိခိုက်နိုင်ပါသည်။ လုပ်ငန်းကို မထိခိုက်ရလေအောင် စတိုပစ္စည်းများကို  လိုအပ်သည်ထက် များလည်းမများအောင်၊ နည်းလည်းမနည်းအောင် သိုလှောင်ထားရန် လိုအပ်ပါသည်။  လိုအပ်သည်ထက် ပိုမို လှောင်ထားခြင်းကြောင့်လည်းကောင်း ဖြစ်ပေါ်တတ်သော ချွတ်ယွင်း အားနည်းချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
စတိုပစ္စည်းများကို ပိုမို သိုလှောင်ထားခြင်းကြောင့် ဖြစ်ပေါ်လာသော ချွတ်ယွင်းချက်များ။

စံတန်ဖိုး (STANDARD COST) သဘောတရား



ငွေစာ၇င်းဌာနက ဘဏ္ဍာရေး စာရင်းကိုင်တွေကိုသာ ယေဘုယျအားဖြင့် တာဝန်ယူကြရပါတယ်။ ပစ္စည်းတွေ အမျိုးအစားများများ၊ အရေအတွက်များများ ထုတ်လုပ်လာပြီဆိုရင် ဖြစ်စေ၊ ထုတ်လုပ်ပုံ နည်းစနစ်တွေကလည်း တစ်မျိုးနဲ့ တစ်မျိုး ကွဲပြားခြားနားလာရင် ဖြစ်စေ၊ တန်ဖိုးတွက်ဌာနတစ်ခု သီးခြားထားရပါတယ်။ ဥပမာ- အော်ဒါအလိုက်မှာတဲ့ ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ  အော်ဒါ တစ်ခုခြင်းအလိုက် တွက်ကြရတယ်။ အသုတ်လိုက်မှာတဲ့ ထုတ်တဲ့လုပ်ငန်းတွေမှာ  အသုတ်လိုက် တန်ဖိုးတွက်ကြရပါတယ်။ ဖြစ်စဉ်တစ်ခုပြီးမှ တစ်ခုထုတ်တဲ့  လုပ်ငန်းတွေမှာ ဖြစ်စဉ်အလိုက် တန်ဖိုးတွက်မှသာ ဖြစ်စဉ် တစ်ခုခြင်းအလိုက် တန်ဖိုးမှန်ကို ရနိုင်ပါတယ်။

တချို့လုပ်ငန်းတွေမှာ ကန်ထရိုက်လုပ်ငန်းတွေ လက်ခံဆောင်ရွက်တော့ ကန်ထရိုက်တန်ဖိုးတွေနဲ့ တွက်ကြရပါတယ်။   ဒါဟာ တန်ဖိုးတွက်ပညာ ရှုထောင့်က ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။

စားသောက်ဆိုင်စာရင်း ဘယ်လိုစစ်မလည်း(၁)





စားသောက်ဆိုင်စာရင်း ဘယ်လိုစစ်မလည်းဆိုတဲ့ အကြောင်းအရာဟာ စာရင်းစစ်ပညာနဲ့ ဆက်စပ်နေတဲ့အတွက် အပြည့်အစုံဆိုရင် စာရင်းစစ် လုပ်ထုံးလုပ်နည်းတွေ စာရင်းစစ် အစီအစဉ်တွေပါ ထည့်သွင်းဖော်ပြပေးမယ်ဆိုရင် အရမ်းများပြားသွားမှာ ဖြစ်တဲ့အတွက် စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင်တစ်ဦးအနေဖြင့်  သို့မဟုတ် တာဝန်ရှိသူ တစ်ဦးအနေဖြင့် မိမိလုပ်ငန်း စာရင်းနှင့် ပါတ်သက်ပြီး အဓိက သိထားသင့်တဲ့ စာရင်းပိုင်း စာရင်းစစ်ခြင်းအပိုင်းကိုပဲ အဓိထား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စားသောက်ဆိုင်ဆိုတာ စားသုံးသူတွေ ကြိုက်နှစ်သက်မယ့် အစားအသောက်တွေကို တည်ခင်းရောင်းချပြီး စိတ်နှစ်သက်ဖွယ် ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းလို့ ဆိုနိုင်ပါတယ်။

အရှင်မဟာကဿပ (သို့မဟုတ်) ဆင်းရဲသားတို့၏ ကိုးကွယ်ရာ





...            အရှင်မဟာကဿပ မထေရ်မြတ်ဟာ ဓုတင်အရာမှာ ဧတဒဂ်ရတဲ့ တတိယ မဟာသာဝကကြီးတစ်ပါး ဖြစ်တော်မူ ပါ တယ်။ လွန်လေပြီးသောအခါ ကမ္ဘတစ်သိန်းထက်က ဓုတင်အရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာနိသဘမထေရ်ကို ကြည်ညို အား ကျကာ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ရဲ့ထံတော်မှာ ဆုထူးပန်ဆင်ခဲ့တာဖြစ်ပြီး ပါရမီတော်တွေကို ထူးချွန်ပြောင်မြောက်စွာ ဖြည့် ဆည်းတော်မူခဲ့တာလည်း ဖြစ်ပါတယ်။

        အရှင်မဟာကဿပမထေရဲ့ အတိတ်ဘာဇာတ်ကြောင်းနဲ့ ပစ္စုပ္ပာန်ဘ၀ အချင်းအရာတွေဟာ အင်မတန် ဆန်းကြယ် အံ့သြဖွယ်တွေဖြစ်သလို လွန်စွာမှလည်း ကြီးကျယ်မြင့်မြတ်လှပါတယ်။ အမရပူရ(တောင်မြို့) မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသက " မြန်မာပြည်က ထေရုပ္ပတ္တိတွေဟာ လူလို မရေးကြဘူး။ နတ်လို ရေးနေကြတယ်။ ငါ့ကတော့ ငါရဲ့ထေရုပ္ပတ္တိကို လူလိုပဲရေးမယ်"လို့ တစ်ချိန်က မိန့်ကြားတော်မူခဲ့ဖူးပါတယ်။အရှင် မဟာကဿပမထေရ်ရဲ့ ထေရုပ္ပတ္တိကို ရေးမယ်ဆိုရင်တော့ "လူလို နတ်လိုသာမက ဗြဟ္မာလို ရေးပါမှ"တိကျမှန်ကန်ပြည့်စုံနိုင်မှာပါ။

မြတ်ဗုဒ္ဓ၏ တရားဦး (The First Discourse of The Buddha)




တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်ရှိပါတယ်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။
သစ္စာတရား လေးပါး ရှိပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကိုတွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆို
တာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။

ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား
ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်ပါတယ်။
ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြပါမယ်။
ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ နလဘတိ တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

ဝိပဿနာအစ မတွေ့တဲ့စိတ်က





“သမောဟစိတ္တံ သမောဟစိတ္တန္တိ ပဇာနာတိ”
“၀ိပဿနာ ရှုတော့ရှုတယ် ဘုရား . . . ဘာမှမတွေ့ဘူး။” ဒါနဲ့ ဆင်ခြေကိုင်တာပဲ။ ဒီစိတ်ကလေးက ကြည့်တော့ကြည့်တယ်။ ဘာမှတွေ့ဘူး။ ဒါဆိုရင် မတွေ့တဲ့ စိတ်ကိုပဲ ပြန်ကြည့်။ ဘာမှ မတွေ့တဲ့ စိတ်ကလေးက မတွေ့တာနဲ့ပဲ အနိစ္စရောက်သွားတာ။ မတွေ့တဲ့ စိတ်ကလေးကို ဉာဏ်နဲ့ နောက်က ကြည့်ပေးပါ။ မသိတဲ့ စိတ်ကလေး သက်တမ်းကုန်သွားတယ်။ သက်တမ်းကုန်သွားတာလေးကိုသာ သိအောင်ကြည့်။ သက်တမ်းကုန်သွားတာလေးက “အနိစ္စ”။ သက်တမ်းကုန်မှန်း သိလိုက်တာလေးက “မဂ္ဂ”။ ၀ိပဿနာ မရှုတတ်ဘူးဘုရား . . . ဆိုရင် မရှုတတ်တဲ့စိတ်ကိုရှု။
အောင်မာ . . . အတော်ဆန်းတဲ့ စကားပါလားလို့ ခင်များတို့က အောက်မေ့ချင် အောက်မေ့နေမယ်။ ဦးဝင်းတို့ ဦးဘအုံးတို့ ဆန်းသလား . . .တဲ့။ ရိုးရာပဲလား။ (ရိုးရာပါ ဘုရား။)

သို့သော် ခင်များတို့က ၀ိပဿနာ တွေ့ရက်နဲ့ ၀ိပဿနာ မရှာတတ်လို့ သင်ရတာပါ။ ရှုစရာအာရုံ ပေါ်လာရက်သားနဲ့ ခင်များတို့က မရှုတတ်ဘူး ပြောနေလို့။ ရှေ့သာ ရှာနေတယ်၊ ကိုယ်ရှာတာ ပျက်တာ မသိဘူး။ ၀ိပဿနာ ရှာပြီဆိုရင် ရှုစရာကို ရှာမတွေ့တဲ့စိတ် လာတတ်တယ်။ အဲဒီ လာတဲ့စိတ်ကို နောက်ဉာဏ်က ရှုပေး။ ရှုလိုက်တဲ့ အခါကျတော့ နောက်ဉာဏ်ဝင်လာရင်ပဲ သူ ရှိသေးလား။ (မရှိတော့ပါဘုရား။) မရှိတော့ “အနိစ္စ”။ မရှိတာကို သိတာက “မဂ္ဂ”။
ဒါ ဘာရှုတာတုန်း မေးတော့၊ ဘယ်စိတ်ရှုတာပါတုန်း မေးတော့မှ “သမောဟစိတ္တံ သမောဟစိတ္တန္တိ ပဇာနာတိ” အလုပ်ခိုင်းတာ ဆရာဘုန်းကြီးက။ သဘောပါကြပြီလား။ (မှန်ပါဘုရား။) ရှုလို့ ဘာမှမမြင်ဘူးဆိုတာ မောဟစိတ် ပေါ်နေတာ။ အဲဒီ မောဟစိတ်ကလေးကိုပဲ ဘုန်းကြီးတို့က တစ်ခါတည်း ၀ိပဿနာအာရုံ လုပ်ပစ်လိုက်တာ။ သူ ရှေ့ရှာလို့သာ မတွေ့တယ် သူသေတာ ကျုပ်တို့က တွေ့တယ်။ ရှင်းပြီလား။ (မှန်ပါ။)