Showing posts with label ၀တ္ထု. Show all posts
Showing posts with label ၀တ္ထု. Show all posts

ချစ်သူတိုက်ခဲ့သော ကျိန်စာ







          အဲဒီနေ့က ကျွန်တော်မက်ခဲ့တဲ့ ကျွန်တော့်ရဲ့ အနာဂတ်အိပ်မက်လေးကို ကျွန်တော်ကိုယ်တိုင် ဖျက်ဆီးလိုက်တဲ့နေပေါ့။ သူ့မရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံနေတယ်။ မျက်နှာမှာတော့ နာကြည်းမှုတွေနဲ့ပေါ့။ သူ့မ ရင်ထဲမှာ ဘယ်လောက်တောင် နာကြည်းသွားမလဲ ကျွန်တော်ခံစားလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း သူ့မကို တကယ်ချစ်ခဲ့တာကို။ ချစ်တဲ့သူတစ်ယောက်ကို လမ်းခွဲစကားပြောရတာ မုန်းတဲ့သူကို ချစ်တယ်လို့ ပြောရတာထက် ပိုခက်တယ်ဆိုတာ ကျွန်တော် အဲဒီအချိန်မှာ သိလိုက်ရတယ်။
“နင့်သဘောက ဒီလိုရှိမှတော့ ငါနင့်နားမှာ ဆက်ပြီး ရှိနေစရာမလိုတော့ဘူး။ နင့်လိုလူမျိုးကို ငါချစ်မိခဲ့တဲ့အတွက် ငါ့နှလုံးသားကို ငါသိပ်မုန်းတယ်။ သတ္တိကြောင်တဲ့နင့်ကိုလည်း ငါမုန်းတယ်။ ငါ့ကို ဒီလိုဒဏ်ရာတွေနဲ့ ခံစားရအောင် လုပ်တဲ့နင့်ကို ငါလုံးဝခွင့်မလွှတ်ဘူး။ ငါခံစားခဲ့ရသလို နင်လည်းအခုဘ၀မှာ နင်ချစ်တဲ့သူနဲ့ ဘယ်တော့မှ မနီးစပ်ရပါစေနဲ့ ။ ဒါဟာ ငါရဲ့ နောက်ဆုံးကျိန်စာပဲ။”
သူမကတော့ စိတ်မြန်သူပီပီ သူမပြောချင်သောစကားတွေကို ပြောပြီး ကျွန်တော်ကို ကျောခိုင်းထွက်ခွာသွားတယ်။ ၀ဲတက်လာတဲ့ မျက်ရည်နဲ့အတူ ရင်ထဲမှာ ဆို့တက်လာခဲ့တယ်။ သူမပြောခဲ့သလိုပဲ ကျွန်တော့်ဘ၀မှာ ကျွန်တော်ချစ်တဲ့သူနဲ့ ဘယ်တော့မှ နီးစပ်ရမှာမဟုတ်တော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်သိပ်ချစ်တဲ့သူမကို ကျွန်တော်ကိုယ်တိုင်ပဲ စွန့်လွှတ်ခဲ့တာ။ ကျွန်တော်ရင်နာနာနဲ့ စွန့်လွှတ်ပြီး သူမ မဟုတ်တဲ့ ဘယ်သူ့ကိုမှ ကျွန်တော်ရင်ထဲကို အ၀င်ခံမှာမဟုတ်လို့ပဲ။ သူမနဲ့ကျွန်တော် လမ်းခွဲပြီးတဲ့နောက်ပိုင်း ကျွန်တော့်ရင်ထဲမှာ ပြည့်နှက်နေတဲ့ သူမရဲ့ ပုံရိပ်တွေနဲ့ပဲ ကျွန်တော့်ဘ၀ကို ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့တယ်။
       

ယောက်ျားတစ်ယောက်ကို လက်ထပ်ခြင်း…





“ယောက်ျားတစ်ယောက်ကို လက်ထပ်တော့မယ်ဆိုကတည်းက သည်ယောက်ျားရဲ့ ရာထူးဝင်ငွေ၊ အရည်အချင်းနဲ့ ဂုဏ်သိကာကို စဉ်းစားပြီးမှ မိန်းမတစ်ယောက်က လက်ခံခဲ့တာပဲ။ တကယ့် တကယ် လက်ထပ်ပြီးတဲ့ အခါကျတော့မှ ရာထူးတို့၊ ၀င်ငွေတို့၊ အရည်အချင်းနဲ့ ဂုဏ်သိကာတို့နဲ့ ပြည့်စုံတဲ့ ကိုယ်လက်ထပ်တဲ့ ယောက်ျားရဲ့ မယားဖြစ်ရခြင်းဟာ ရေထမ်းသမားတစ်ယောက်ရဲ့ မယားဖြစ်ရတာလောက်မှ ပျော်စရာ မကောင်းမှန်း နားလည်လာရတယ်။ ဘာပြုလို့လဲဆိုတော့ ရေထမ်းသမားရဲ့ မယားဟာ သူ့ယောက်ျားရဲ့ အသည်းနှလုံးကို ပိုရလို့ပဲ”

မှန်တစ်ချပ်





(၁)
တရားလိုပြ သက်သေ အမှတ်(၁)မှာ ဆယ်ကျော်သက်အရွယ် လူငယ်ကလေးတစ်ဦးဖြစ်သည်။ ဟောင်းနွမ်းညစ်ပေ အကွက်မလည်တော့ပြီဖြစ်သော လက်စက စွပ်ကျယ်ဖားဖားနှင့် ကျောင်းစိမ်းလုံချည်

ဟောင်းကို ၀တ်ဆင်ထားသည်။ မှုန်မွဲသောရုပ်သွင်ဟု ဆိုရမည်။
တရားခွင် သက်သေထိုင်ခုံရှေ့တွင် သူကို မတ်တပ်ရစ်စေ၍ ကတိသစ္စာပြုခိုင်းလိုက်သည်။

“နာမည် ဘယ်သူလဲ”
“မောင်ဖိုးတိုးပါ ”
“အသက်”
“၁၂နှစ်”
“ကျောင်းသားလား”
“မဟုတ်ပါဘူး၊ ကျောင်းထွက်တာ နှစ်နွေရှိပါပြီ”
“အဖေနာမည်”
“ဦးဘိုးတေ”
“ဦးဘိုးတေ ဟုတ်လား။ ဒါဆိုရင် မင်းဟာ ဟောဒီရုံးရှေ့က တရားလို
တရားပြိုင်တို့ရဲ့သားပေါ့”
“ဟုတ်ပါတယ်”

သက်လုံဖြစ်အောင် ပြောင်းပစ်သလား ----





ဟေ..... ရထားလာပြီတဲ့။

ဝေါခနဲ ဆူညံသွားတဲ့ လူသံတွေနဲ့ အတူ ကျုပ် ကဗျာကယာ ထရပ်လိုက်မိတယ်။ ရထားကို မမြင်ရသေး ပေမယ့် ကျုပ်တို့ရွာ ဘူတာတခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလိုက်ပုံများတော့ .... တော်။ မပြောလိုက်ချင်ဘူး။ ကြည့်စမ်းပါဦး။ ဟိုကောင်မလေး ခရမ်းသီးသည် အပုမရယ်၊ အင့်နေတဲ့ ခရမ်းသီးတောင်းကြီး တရွက်ရွက်နဲ့ ရထားကို တက်ဖို့ တာစူနေလိုက်တာများ၊ သူ့ဘေးက ဆန်အိတ်ပိုင်း ရွက်ထားတဲ့ မိန်းမနဲ့ တိုက်မိမတတ်။ အို ..... အားလုံးအတူတူ ပါပဲလေ။ ထင်းစည်းတွေ ကြံစည်းတွေ၊ ခရမ်းသီး ဗူးသီးတောင်းတွေ အရွက်ကိုယ်စီ၊ အထမ်းကိုယ်စီနဲ့။ တယောက်နဲ့ တယောက် တိုးဝှေ့ တိုက်ခိုက်ပြီး ရထားပေါ်တက်ဖို့ တာစူနေလိုက်ကြတာ။

ဖန်တီးခြင်း၏ အနုပညာ





ဂျူး
မေမေအခုရေးနေသည့်စာကို သား အခု မဖတ်နိုင်သေးတာ မေမေသိပါသည်။ သားသည် အခုမှ အသက် သုံးနှစ်ပြည့်ခါစ လူကလေးမဟုတ်လား။ သို့သော် သားစာဖတ်နိုင်သည့်အရွယ်အထိ မေမေ မစောင့်နိုင်လောက်အောင် မေမေ့ အတွေးတွေက လောကြီးနေသည် သား။ သား ဘယ်လိုကြီးပြင်းလာမှာလဲ၊ သားသည် ဘယ်နေရာတွင် ထူးချွန်ထက်မြက်ပြီး ဘယ်နေရာတွင် ညံ့ဖျင်းမည်လဲ။ သား၏အနာဂတ်ကို အခု ပဲ မြင်ချင်လွန်းလို့ မေမေ စိတ်လှုပ်ရှားစွာ ရင်ခုန်လှပါပြီ။

ခင်ပွန်းရဲ့ချစ်သူ



ခေါင်းစဉ်ကိုကြည့်တာနဲ့ အိမ်ထောင်ရေးဇာတ်၊ သုံးပွင့်ဆိုင်ဇာတ် ဖြစ်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီလိုပါပဲ... ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ စိတ်များ၊ သံယောဇဉ်တွေပွါးပြီး တစ်ဦးထက် ပိုချစ်မိ၊ ပိုတွယ် တာမိ တတ်သူတွေ ရှိတတ်ကြတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို ကြုံတွေ့နေတာတွေ တွေ့ဖူး၊ မြင်ဖူး၊ ကြားဖူးကြသလို ကိုယ်တိုင် ခံစားနေရသူတွေလည်း ရှိကြမှာပါ။ လှည့်စားတတ်တဲ့ ကံကြမ္မာကြောင့် ဒီလိုအဖြစ်မျိုး ကိုယ်တိုင် မကြုံနိုင်ဘူးလို့လည်း တထစ်ချပြောလို့မရပါဘူး။ အချစ်မှာနောက်တစ်ယောက်ပိုလာရင် ခံစားရသူတွေ က နှစ်ယောက်ထက် မကပါဘူး။

နင် အင်မတန်ပလီတယ်ဆိုရင်ဖြင့် ခံရမှာပါမလွဲ



(၁)

ဘူတာရုံကလေးက ခပ်မြှောင်မြှောင်ကလေးဆင်းပြီး ဝါးတံတား ခနော်နီခနော်နဲ့ကို ဒယီးဒယိုင်နဲ့ ကူးဖြတ်လာတဲ့ ကိုမှန်ကင်းကို ဝိုင်းကြည့်နေတဲ့ ကလေးတွေက ...

    "ဦးမှန်ကင်းကြီး မိန်းမ ခိုးလာပြီ အဖေရေ" တဲ့။

အော်လိုက်ကြတဲ့ ကလေးတွေဆိုတာ ပွက်ပွက်ကို ညံသွားတော့တယ်။ ကလေးတွေက အဖေရေ လို့သာ အော် ကြတာ။ ထွက်ကြည့်တော့ အမေတွေချည်း ထွက်ကြည့်တယ်။ အဖေတွေက ထွက်ကြည့်လို့လည်း မြင်ရတာမှ မဟုတ်တာ။ သည်တဲစုကလေးတွေမှာ နေကြတဲ့ အိမ်ထောင်ဦးစီးဆိုတဲ့ ယောကျာ်းသား ဆယ်လေးငါးယောက် ဟာ မျက်မမြင်တွေချည်းပဲ။

အမေ ...





 အမေ...တဲ့ တော်တော်ကောင်းတဲ့ဝတ္တုတိုလေးဘဲ။ဖတ်ကြည့်လိုက်ကြပါခင်ဗျာ....

“ချမ်းလိုက်တာ…..”

ခမောက် အမိုးထဲကို ဝင်နိုင်သမျှ ဝင်အောင် ကိုယ်ကိုကျုံ့ ဝင်ရင်း ညီးတွားမိပါတယ်…အဝေးကကြည့်ရင် လူ ကိုတွေ့ ရမယ် မထင်ပါ ခမောက် အကြီးကြီးတစ်ခုကိုပဲတွေ့နိုင်ပါလိမ့်မယ် ကျနော့် အတွက် ဒီခမောက် က မိုးကာလဲဟုတ်..ထီးလဲ ဟုတ်ပါတယ်…မိုးတွင်းအဆက်ဆက်တိုင်းကို ဒီ ခမောက်လေးနဲ့ပဲဖြတ်ကျော် ခဲ့ပါ တယ်…အခုလဲ မိုးဖွဲဖွဲလေး ကျနေပါတယ်…ကျနော့်ခြေထောက်တွေ လဲအေးစက်နေ ပါပြီ…ဒါပေမယ့် ကျနော် အိမ်မပြန်ချင်သေးပါ.. ။

မောင်ချမ်းသာ(ဆိုက်ကား)နှင့် မနှင်းပုလဲ (ပဲပြုတ်)တို့၏ မင်္ဂလာဆောင်




တရားသူကြီး သုံးယောက်ရှေ့တွင် မောင်ချမ်းသာနှင့် မနှင်းပုလဲတို့ ခပ်ယို့ယို့လေး ရပ်နေကြသည်။ မောင်ချမ်းသာ က ခေါက်ရိုး မပြေသေး သော လုံချည်အသစ် စက်စက်ကို သလုံးသားပေါ်အောင် ၀တ်ထား၏။ လျှော်ပြီးသား အင်္ကျီလက်ရှည် အဖြူကို လက်တ၀က် ခေါက်၍ ထား၏။ မနှင်းပုလဲကတော့ မော်ရေးရှံ သက်တံရောင်နှင့် အပေါ် က အိရှံအဖြူလက်စကနှင့် ဖြစ်သည်။ သူတို့ နောက်တွင်တော့ မောင်ချမ်းသာ၏ ရောင်းရင်းများက ၀ါး ဦးထုပ်၊ စစ်ဦးထုပ် အစိမ်းပျော့ စသည့် ခေါင်းဆောင်း အမျိုးမျိုးကို လက်တွင်ကိုင်၍ စုပြုံ ရပ်နေကြ၏။ တရားရုံးရှေ့ တွင်တော့ ဆိုက်ကားများ တန်းစီ ရပ်ထားသည်။